ထိုင်ဝမ် Halalမြှင့်တင်ရေးအဖွဲ့သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ မှစတင်၍“Halal ကုန်စည်အွန်လိုင်းပြပွဲ”ကို စတင်မိတ်ဆက်လိုက်ပါသည် ။ပြပွဲကို https://halaltaiwan.taiwantrade.com/EN ဝတ်ဘ်ဆိုက်မှတဆင့် အရည်အသွေးမြင့်ထိုင်ဝမ် Halalကုန်စည်များကို လေ့လာနိုင်ပြီး COVID – 19 ကူးစက်ရောဂါကြောင့် နိုင်ငံခြားသို့ သွားရောက်ဆွေးနွေးရန် အခက်အခဲကြုံတွေ့နေရသော စီးပွားရေးလုပ်ငန်းရှင်များကို အွန်လိုင်းဒီဂျစ်တယ်စနစ်ဖြင့် ဝယ်သူ နှင့်ရောင်းသူတို့ကိုလည်း ချိတ်ဆက်ပေးပါသည်။ Halal ကုန်စည်များကို ကုန်ကြမ်းပစ္စည်း၊ဇီဝနည်းပညာဖြင့်ထုတ်လုပ်ထားသောကျန်းမာရေးဖြည့်စွက်စာ၊စားသောက်ကုန်၊အလှကုန်၊လူသုံးကုန်ပစ္စည်းနှင့် အခြား ကုန်စည်အဖြင့် ကဏ္ဍ (၆) ခု ခွဲ၍ဖော်ပြထားပါသည်။ ထို့ပြင် ဆန်းသစ်သောပစ္စည်းများကိုလည်း အထူးကုန်စည်ပြပွဲအဖြင့် အွန်လိုင်းပေါ်သို့ မကြာခဏ မိတ်ဆက်တင်ပြပေးထားမည်ဖြစ်ပါသည်။ကုမ္ပဏီဗီဒီယို ကဏ္ဍကိုလည်း စီစဉ်ထားပြီး မကြာခဏမိတ်ဆက်တင် ပြပေးထားပါမည်။ယခုချိန်တွင် ထိုင်ဝမ်တွင် Halalအသိအမှတ်ပြု ကုန်စည်ထုတ်လုပ်သူမှာ(၇၀၀) နီးပါးရှိပါသည်။ ဝယ်သူသည် Vendors Directoryမှတဆင့် ကုန်စည်သတင်းအချက်အလက် များကို စုဆောင်းလေ့လာနိုင်သည့် အပြင် သော့ချက်စကားလုံး (Key Word)ကိုရိုက်သွင်း၍ ကုမ္ပဏီ၊ တံဆိပ်၊ကုန်ပစ္စည်းများကိုလည်း ရှာဖွေနိုင်ပါသည်။ကုန်စည်ဝယ်ယူလိုသူရှိပါက အောက်ဖော်ပြပါဌာနသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။
ထိုင်ဝမ် Halalမြှင့်တင်ရေးအဖွဲ့ (Taiwan Halal Center) ၊TAITRA
Ms. Teresa Weng
ဖုန်းနံပါတ်။ ။ +886-2-27255200လိုင်းခွဲ1271
Email: teresaweng@taitra.org.tw。
(သို့မဟုတ်)
Economic Division, TECO Myanmar
ဖုန်းနံပါတ်။ ။ 09-427355554,Email: tecoecon.mm@gmail.com