၂ဝဝ၇ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံသည် ဒီမိုကရေစီအခြေခံမူများကိုထိန်း သိမ်းမြှင့်တင်ရန်အတွက်စက်တင်ဘာလ(၁၅)ရက်နေ့အား “အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) ”အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ထို့အပြင် ဒီမိုကရေစီဖွံ့ ဖြိုးတိုးတက်မှုမြှင့်တင်ရန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အဖွဲ့အစည်းများအား အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို ဆီလျော်စွာကျင်းပပေးရန်တိုက်တွန်းမှာကြားခဲ့ပါသည်။ နိုင်ငံများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်(Freedomof Expression)၊ သတင်းစာလွတ်လပ်ခွင့် (Freedom of Press) ၊ သတင်းလွတ်လပ်ခွင့်(Freedom of Information)၊ လွတ်လပ်စွာစုရုံးခွင့်နှင့်စုဝေးခွင့် (Freedom of Association and of Assembly) စသည့်အခွင့်အရေးများကို လေးစားကာကွယ်သင့်ပါသည်။
အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့၏ပျော်ရွှင်ဖွယ်အခါသမယတွင် မြန်မာနိုင်ငံဆိုင်ရာထိုင်ဝမ်ကိုယ်စားလှယ်ရုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပေါ် နှစ်ပေါင်းများစွာကြိုးပမ်းမှုများကို ထောက်ခံချီးကျုးလိုပါသည်။အထူးသဖြင့်ကမ္ဘာလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါပြင်းထန်နေဆဲအချိန်တွင် မြန်မာနိုင်ငံတော်အစိုးရသည် စီစဉ်ထားသည့်အတိုင်း အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည့် ဆုံးဖြတ်ချက်သည် အလွန်လေးစားဖွယ်ကောင်းအပ်ပါသည်။ အာရှရှိဒီမိုကရေစီနိုင်ငံ များ၏စံပြတစ်နိုင်ငံဖြစ်သည့် တရုတ်သမ္မတနိုင်ငံ(ထိုင်ဝမ်)သည်၊ ကမ္ဘာတလွှားရှိ ဒီမိုကရေစီနိုင်ငံများနှင့်အတူ မြန်မာနိုင်ငံတော်အစိုးရ၏COVID-19ကပ်ရောဂါကာကွယ်တားဆီးရေးအတွက်တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း၊ ကျား၊မ၊အသက်အရွယ်၊လူမျိုးဘာသာခွဲခြားခြင်းမရှိ၊ ပြည်သူလူထု၏ လွတ်လပ် စွာပြောဆိုခွင့်၊ နိုင်ငံရေးပါဝင်လာနိုင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မည့် မျှတပြီးလုံခြုံသော ရွေးကောက်ပွဲတစ်ခုဖြစ်မြောက်နိုင်ရေးအတွက် အပြည့်အဝမျှော်လင့် ထောက်ခံအပ်ပါသည်။